|
 • ကလပ်ပိုင်ရှင်
ဒေါက်တာစိုင်းဆမ်ထွန်း
Loi Hein Co.,Ltd
• အသင်းမန်နေဂျာ
Mr.Yoan
• နည်းပြချုပ်
ဦးဇော်လေးအောင်
MNL Cup Grand Royal
2009 Champion ဖြစ်သည့် မန္တလေး
အခြေစိုက် ရတနာပုံအသင်းကိုလည်း ပြိုင်ဘက်များက
လျှော့တွက်ရဲကြမည်မဟုတ်ပေ။ အထူးသဖြင့် ဘယ်လ်ဂျီံယံ
နည်းစနစ် ဒါရိုက်တာနှင့် ပြင်သစ်နည်းပြဆရာတို့ အပါအ၀င်
နိုင်ငံခြားသား ကစားသမားများ ဌားရမ်း ခေါ်ယူထားပြီး
ခြေစွမ်းပြနေကြသည့် ရန်ပိုင်၊ ထွန်းထွန်းဝင်း၊ ပိုင်စိုး၊
အောင်ဟိန်းလတ်၊ အောင်ကျော်စိုး တို့လို
ပြည်တွင်းမှ ထိပ်တန်း ကစားသမားများကို နိုင်ငံခြားသား
ကစားသမားများနဲ့အတူ ပေါင်းစပ်ဖွဲ့စည်းထားပြီ နောက်ခံလူ
ကျော်ခိုင်ဝင်းကိုလဲ ပြန်လည်ခေါ်ယူထားးသည်။ ထို့အပြင် လူငယ်ကစားသမားများကို
ပြုစုပျိုးထောင်အရောင်တင်ပေးရာတွင် ထူးချွန်သည့်
လက်ထောက်နည်းပြအဖွဲ့လည်း ရှိနေ၍ ရတနာပုံအသင်းကို
ပရိတ်သတ်အများစုက အတော်စိတ်ဝင်စားကြသည်။
MNL Cup Grand Royal 2009 ပြိုင်ပွဲတွင် အသင်းမှ
ပြည်တွင်းကစားသမားများနှင့် ခေါ်ယူထားသည့် နိုင်ငံခြားသား ကစားသမားများ
တွဲဖက်ညီညီ ခြေစွမ်းပြ ကစားခဲ့ပြီး
ဖလားရယူခဲ့ခြင်းဖြစ်သည်။ ယခင်ပြိုင်ပွဲမှ
အောင်မြင်မှုကြေင့် ပရိသတ်အင်အား တောင့်တင်းနေသည့်
အသင်းဖြစ်သည့်အပြင် အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း ကိုယ်တိုင်ကလည်း
အသင်းအတွက် ငွေကြေးများစွာ ရင်းနှီးအကုန်အကျခံကာ
လိုလေသေးမရှိအောင် ပံ့ပိုးထောက်ပံ့ထားပြီး
အသင်းကိုလည်း မြင့်မားသည့် အောင်မြင်မှုများရအောင်
တွန်းအားပေးထားသဖြင့် အသင်းသားများ၏စိတ်တွင်
နိုင်လိုစိတ်များ ပြင်ထန်နေနိုင်သည်။ ထို့ကြောင့်
ရတနာပုံအသင်းမှာ ပြိုင်ဘက်တိုင်းအတွက် ခက်ခဲသော အသင်း
ဖြစ်နေသည်။
|