|
MNL Grand Royal 2010 ပြိုင်ပွဲကြီး ရန်ကုန်မြို့တွင် စည်ကားစွာကျင်းပ
|
|
15 Mar, 2010
MNL Grand Royal 2010 ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် မတ်လ(၁၄)ရက် နေ့လည် (၁:၀၀) နာရီမှ စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ဘောလုံးပွဲမစတင်မှီ ၀ိုင်းဆုခိုင်သိန်း၊ ဂျင်းနီ၊ စန္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ ဖြူဖြူကျော်သိန်း၊ သဇင်၊ R-ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင် စသော နိုင်ငံကျော်အဆိုတော်များမှ ဘောလုံးကွင်းအတွင်း ကားငယ်လေးဖြင့် လှည့်လည်ဖျော်ဖြေခဲ့ပါသည်။ ဆက်လက်ပြီး ဂျွန်လွင်ဦးစီးသော Star & Model Agency မှ အကအလှများဖြင့်ထူးခြားစွာဖျော်ဖြေခဲ့ပါသည်။ထို့နောက် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဝင်းမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးသောင်းထိုက်၊ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇ၊ အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇ၊ ကမ္ဘောဇအသင်းမှ ဦးမိုးဆန်းအောင်တို့က ကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။
ရန်ကုန်ယူနိုက်တက်နှင့်ကမ္ဘောဇအသင်းတို့မှ ကစားသမားများက ပရိသတ်များဆီသို့ ကံစမ်းမဲပါဝင်သော ဘောလုံးများကို ကန်တင်ပေးခဲ့ကြသည်။ အဆိုပါကံစမ်းမဲများကို ပထမပိုင်းအပြီးတွင် အဆိုတော်များမှ မဲနှိုက်ပေးခဲ့ကြသည်။ ထို့နောက် MNL Grand Royal 2010 ပြိုင်ပွဲ ရန်ကုန်မြို့ ပထမပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်နှင့် ကမ္ဘောဇအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးသွားခဲ့ပါသည်။
|
|
League Table
|