|
MNL GrandRoyal 2010 ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား မန္တလေးတွင်ကျင်းပခဲ့
|
|
13 Mar, 2010
MNL GrandRoyal 2010 ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကို မတ်လ ၁၃ ရက်နေ့နေ့လည် ၂ နာရီက မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံကျော်အနုပညာရှင်များမှ အဆိုအကများဖြင့် ဖျော်ဖြေခဲ့ပါသည်။ အခမ်းအနားတွင် ပထမဦးဆုံး စန္ဒီမြင့်လွင်က သီချင်းသုံးပုဒ်ဖြင့် ဖျော်ဖြေခဲ့ပါသည်။ ဆက်လက်ပြီး ဂျင်းနီ၊ ကောင်းမြတ်၊ အေသင်ချိုဆွေ၊ ၀ိုင်းဆုခိုင်သိန်း၊ သဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သြရသ စသော အဆိုတော်အနုပညာရှင်များက DJ သော်သော် နှင့်တွဲဖက်ပြီး ဖျော်ဖြေခဲ့ကြသည်။ ထို့နောက်ဗထူးကွင်းတွင် MNL Grand Royal 2010 ပွဲဦးထွက်အဖြစ် ကစားကြမည့်အသင်း ၂ သင်းဖြစ်သော ရတနာပုံအသင်းနှင့် ဇေယျာရွှေမြေအသင်းမှ ကစားသမားများအား မန္တလေးတိုင်းတိုင်းမှုး ဗိုလ်မှုးချုပ်ဖုန်းဇော်ဟန်၊ MFF ဥက္ကဌ ဦးဇော်ဇော်၊ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း၊ ဇေယျာရွှေမြေအသင်းပိုင်ရှင် ဦးသူရိန် တို့မှ နှုတ်ဆက်ကြသည်ပြီးနောက် ရတနာပုံအသင်းနှင့် ဇေယျာရွှေမြေအသင်းမှ ကစားသမားများက ပရိသတ်များဆီသို့ ကံစမ်းမဲထည့်သွင်းထားသော ဘောလုံးများကို ကန်သွင်းပေးခဲ့ကြသည်။ အဆိုပါကံစမ်းမဲများကို ဘောလုံးပွဲပထမပိုင်းအပြီးတွင် အဆိုတော်များမှ ဖွင့်လှစ်ပေးခဲ့သည်။ MNL Grand Royal 2010 ပြိုင်ပွဲ အဖွင့်ပွဲစဉ် အဖြစ် မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ အိမ်ရှင် ရတနာပုံအသင်းက ဇေယျာရွှေမြေအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့ပါသည်။ ဇေယျာရွှေမြေအသင်းအတွက် ပထမဆုံး အဖွင့်ဂိုးအား နိုင်ငံခြားသား ကစားသမား အလက်ဇန္ဒားက ပွဲချိန် (၄၆) မိနစ်တွင် ရတနာပုံ အသင်း နောက်တန်းလူ (၂) ဦးအား လိမ်ခေါက်ပြီး အဝေးမှ အပြင်း ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၅၆ မိနစ်တွင် ဇေယျာရွှေမြေမှ ကိုရီးယား ကစားသမား ကင်ကျူယွန်းက ဘယ်တောင်ပံမှ ရာဇာဝင်းသိန်း ဖြတ်တင်ပေးမှုအား ရင်ဘတ်နှင့် ထိန်းကာ နောက်တန်း တစ်ယောက်အား ကျော်ဖြတ်ကာ ထပ်မံ ဂိုးသွင်းယူ ခဲ့သဖြင့် ဇေယျာတို့ ၂ဂိုးပြတ် အနိုင်ရ နေခဲ့သည်။ ပွဲပြီးရန် ၅မိနစ် အလိုတွင် ရာဇာဝင်းသိန်း ချပေးသည့် ဘောလုံးအား ကျော်ဇင်ဝင်းက အသာအယာ ပိတ်သွင်းခဲ့ပါသည်။
|
|
League Table
|