MNL Grand Royal 2010 Fixture Drawing & Sponsors Signing Ceremony

07 Mar, 2010

MNL Image
MNL Grand Royal 2010 ပွဲစဉ်များ မဲနှိုက် ရွေးချယ်ခြင်းနှင့်  Sponsors ကုမ္ပဏီများ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို  မတ်လ ၆ ရက်နေ့ ညနေ ၇နာရီက Chatrium Hotel Pool Side  တွင်ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် MFF ဥက္ကဌ ဦးဇော်ဇော် က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် MNL Main Sponsor IBTC  မှ Chairman ဦးအောင်မိုးကျော်က နှုတ်ခွန်းဆက်အမှာ စကားထပ်မံပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန်ဗိုလ်မှုးချုပ်အောင်သိန်းလင်း နှင့် MFF ဥက္ကဌ ဦးဇော်ဇော် တို့မှ စပွန်ဆာကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ စပွန်ဆာကုမ္ပဏီများမှာ

Main Sponsor
1.    IBTC Co.lltd

Co.Sponsors

1.Air Bagan
2.Alpine
3.AWBA
4.Blue Mountain
5.Myanmar Distribution Group
6.Canon
7.Myanmar C.P
8.Fluza
9.Fresh Air Con
10.Hotel Yangon
11.KBZ Bank
12.Mamee
13.Max Cement
14.Oramin-G
15.Rich Coffee
16.Premier Coffee
17.Toyo Battery တို့ဖြစ်ကြသည်။



ထပ်မံပြီး MNL ပြိုင်ပွဲ ၀င် အသင်းဟောင်း ၈သင်းနှင့် အသင်းသစ် ၃ သင်းဖြစ်သော  မနောမြေ FC၊ နေပြည်တော် FC၊ ဇွဲကပင် United အသင်းတို့အား ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် Star Model Agency မှ  Dancer  အကများဖြင့် ဖျော်ဖြေပေးခဲ့သည်။  ထို့နောက် မတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့ဗထူးအားကစားကွင်းတွင် ရတနာပုံအသင်းနှင့် ကစားရမည့် အသင်းကို ရုပ်ရှင်သရုပ်ဆောင်အောင်ရဲလင်းက မဲနှီုက်ပေးခဲ့ရာ ဇေယျာရွှေမြေအသင်း  မဲကျခဲ့သဖြင့် ရတနာပုံအသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ပွဲဦးထွက် ကစားရမည်ဖြစ်သည်။ ထပ်မံပြီး မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Y.T.C  တွင် ရန်ကုန်ယူနိုက်တက်ကို  ဧည့်ခံကစားရမည့်အသင်းကို ဆက်လက် မဲနှိုက်ခဲ့ရာ KBZ FC မဲကျခဲ့သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်ယူနိုက်တက်နှင့် KBZ FC  တို့ကစားရနည်ဖြစ်သည်။ ဆက်လက်ပြီး အထူးအစီအစဉ်အဖြစ် ဧပြီ ၂၄ ရက်နေ့တွင်ကစားမည့် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းတို့ ၏ အိမ်ကွင်း အဝေးကွင်း ကို ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်က မဲနှိုက်ပေးခဲ့ရာ ရတနာပုံအသင်းက အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။ ထို့နောက် MFF ဥက္ကဌ ဦးဇော်ဇော် က နှုတ်ခွန်းဆက် အမှာစကားပြောကြား ပြီး ညစာသုံးဆောင်နေစဉ်အတွင်း DJ သော်သော် နှင့် အနုပညာရှင်များက ဖျော်ဖြေခဲ့ကြသည်။

League Table
  League Table
 
 
header

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: