အပျော်တန်း ကလပ်အသင်းများ ဘောလုံးပြိုင်ပွဲ ကျင်းပရေး

25 Feb, 2010

MNL Image
HTML clipboard

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ကြီးမှူးပြီး အပျော်တန်း ကလပ်အသင်းများ ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ယခင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသော ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း တို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများ ပါဝင်ယှဉ်ပြိုင်လိုပါက အောက်ပါ ကန့်သတ်ချက်များ လိုက်နာဆောင်ရွက်ပြီး ပြိုင်ပွဲဝင်ရေး မှတ်ပုံတင်ရန် အသိပေးအပ်ပါသည်။

၁။  အသင်းလိုင်စင်အဖြစ် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ထောက်ခံချက်ရယူတင်ပြရမည်။
၂။  စီမံခန့်ခွဲမှုအဖွဲ့နှင့် ဖွဲ့စည်းပုံရှိရမည်။
၃။  လုံလောက်သော ရန်ပုံငွေ ထားရှိရမည်။ ဝင်ငွေ ထွက်ငွေ စာရင်း ထားရှိရမည်။
၎။  အထောက်အကူပစ္စည်းများ Telephone, Fax  ရှိရမည်။ ဆက်သွယ်ရန်ပုဂ္ဂိုလ်နှင့် ဆက်သွယ်ရမည့် လိပ်စာများ ဖော်ပြရမည်။
၅။  အားကစားသမားများကို စီမံခန့်ခွဲနိုင်ရန်အတွက် ပြိုင်ပွဲစည်းမျဉ်းနှင့်အညီ ဖွဲ့စည်းယှဉ်ပြိုင်နိုင်ရန် အားကစားသမားများထံမှ သဘောတူညီချက်
     ရယူထားရမည်။
၆။   မိမိအသင်းကို ကူညီပံ့ပိုးသူ Marketing Sponsorship Fan Development ရရန် ကြိုးစားရှာဖွေထားရမည်။
၇။  မိမိအသင်း တိုးတက်ရေးအတွက် ရေတို၊ ရေရှည် စီမံချက်ထားရှိရမည်။
၈။  မှတ်ပုံတင်ကြေး ကျပ် (၅) သိန်း ပေးသွင်းရမည်။
၉။  အပျော်တန်း ကလပ်အသင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထနှင့် ပဉ္စမ ရရှိသော အသင်း (၅) သင်းသည် ၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည်
     ဖြစ်သော MNL ရှုံးထွက်ဖလား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်။


League Table
  League Table
 
 
header

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: