|
Delta Utd [ 0 - 1 ] Okkthar Utd
|
|
14 Jan, 2010
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ပွဲစဉ်အဖြစ် Delta Utd နှင့်
Okkthar Utd အသင်းတို့ ယနေ့ညနေ (၄း၀၀) နာရီအချိန်တွင်
သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ (၅၄) ပွဲမြောက် ပွဲစဉ်အဖြစ်
Delta United အသင်းနှင့် ဥဿာယူနိုက်တက် အသင်းတို့ ယနေ့ညနေ
(၄း၀၀) နာရီအချိန်တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ
ဥဿာယူနိုက်တက်၏ မိနစ် ၅၀ ကျော်တွင် သွင်းယူခဲ့သော ဂိုးကြောင့်
Delta United ချန်ပီယံမျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ရပြီး
ရတနာပုံ အသင်းမှာ ချန်ပီယံဖြစ်ရန်
ရာနှုန်းပြည့်နီးပါးသေချာသွားခဲ့သည်။
Delta United အသင်းတွင် နိုင်ငံခြားကစားသမားများဖြစ်သော
Stanley, Vitus, James လှအေးထွေး၊ မျိုးဝင်းထွဋ်၊ ချမ်းချမ်း၊
တင်ဇော်မိုး တို့ပါဝင်ကစားသလို ဥဿာယူနိုက်တက် အသင်းတွင်
ချစ်ကိုကို၊ မိုင်အိုက်နိုင်၊ ကျော်စိုးလွင်နှင့်
နိုင်ငံခြားကစားသမားများဖြစ်သော Chike Peter, Dumaka
တို့ပါဝင်ကစားကြပါသည်။ ပထမပိုင်းတွင် Delta United
မှနိုင်ငံခြားကစားသမားများ ကစားအားနှေးနေသောကြောင့်
ဥဿာကစားသမားများ ကစားကွက် အနည်းငယ်သာနေခဲ့သည်ကိုတွေ့ရသည်။
ဒုတိယပိုင်းတွင် Delta United ချန်ပီယံမျှော်လင့်ချက်
ပျက်ပြယ်သွားခဲ့ရသော ဥဿာယူနိုက်တက် ၏ တစ်လုံးတည်းသော
အနိုင်ဂိုးကို ၅၁ မိနစ်တွင် မိုင်အိုက်နိုင်က
သွင်းယူခဲ့သဖြင့် Delta United မှာ MNL Grand Royal
အမှတ်ပေးပြီုင်ပွဲတွင် ဒုတိယနေရာဖြင့်သာကျေနပ်ခဲ့သည်။
ရတနာပုံအသင်းမှာ Delta Unitedကို တစ်ပွဲ ကျန် ၃ မှတ် အသာဖြင့်
ချန်ပီယံဖြစ်ရန် ရာနှုန်းပြည့်နီးပါးသေချာသွားခဲ့သည်။
|
|
League Table
|