Southern Myanmar Football Club


• ကလပ်ပိုင်ရှင်

   ဦးဋ္ဌေးမြင့် Yuzana Co.,

• အသင်းမန်နေဂျာ
   ဦးမြင့်ကြူး

• နည်းပြချုပ်
   ဦးကျော်တင့်

 

ယုဇနကုမ္ပဏီမှ တည်ထောင်ဖွဲ့စည်းထားသည့် ဆောက်သမ်းမြန်မာအက်ဖ်စီ အသင်းမှာလည်း စောင့်ကြည့်ရမည့် အသင်းတစ်သင်း ဖြစ်လာနိုင်သည်။ အခြားအသင်းများကဲ့သို့ ငွေကြေးများစွာသုံးကာ နာမည်ကြီးဘောလုံးသမားများစွာကို ခေါ်ယူထားခြင်း မရှိသော်လည်း လူငယ်ခြေတက် အများစုနှင့် အတွေ့အကြုံရှိသော ကစားသမားအချို့ကို အချိုးကျ ပေါင်းစပ် ဖွဲ့စည်းထားသည့် အသင်းဖြစ်၍ လျှော့မတွက်သင့်ပေ။ အသင်း၏ အုပ်ချုပ်မှုနှင့် နည်းဗျူဟာပိုင်းကို တာဝန်ယူနေသော ဦးမြင့်ကြူးမှာ ယခင်က ဘဏ္ဍာခွန်အသင်းကို ပြည်တွင်း၌သာမက ပြည်ပပြိုင်ပွဲများတွင်ပါ မြင့်မားသည့် အောင်မြင်မှုများစွာ ရရှိအောင်ကိုင်တွယ်ခဲ့သည့် နည်းပြချုပ်ဟောင်း ဖြစ်သည့်အပြင် လက်ရှိအသင်းနည်းပြချုပ် ဦးကျော်တင့်မှာလည်း လက်ရွေးစင် နည်းပြဟောင်းတစ်ဦးဖြစ်၍ အသင်းကို စနစ်တကျ ပြင်ဆင်လေ့ကျင့်ပေးနိုင်သည်ကို တွေ့ရသည်။ ကစားသမားအများစုမှာ အခြားအသင်းများကဲ့သို့ နာမည်သိပ်မကြီးလှသော်လည်း ခြေစွမ်းရှိလျက်နှင့် သူတို့ကို အသင်းကြီးကများက ပယ်ချခံခဲ့ရခြင်းအပေါ် မခံချင်စိတ်တွန်းအားများ ရှိနေနိုင်သောကြောင့် ယခု ဆောက်သမ်းမြန်မာအသင်းတွင် အကောင်းဆုံးခြေစွမ်းပြပြီး သူတို့၏တန်ဖိုးအမှန်ကို ပြသနိုင်အောင် ကြိုးစားကြဖွယ်ရှိနေသည်။ ထို့ကြောင့် လက်ရှိအသင်းအင်အားကို ကြည့်ရုံဖြင့် ဆောက်သမ်းမြန်မာအသင်းကို အထင်သေးလျှော့တွက်မိပါက ပြိုင်ဘက် အသင်းများ အနေဖြင့် တကယ့်ပြိုင်ပွဲတွင် တန်ဖိုးကြီးကြီး ပေးရကိန်း ရှိနေနိုင်သည်။

 

အသင်းအမည်

Southern Myanmar Football Club

အသင်းတည်ထောင်သည့်ခုနှစ်

2009

အိမ်ကွင်း

မွန်ပြည်နယ်အားကစားကွင်း၊ မော်လမြိုင်မြို့

အသင်းပိုင်ရှင်

ဦးဋ္ဌေးမြင့်

အသင်းအုပ်ချုပ်သူ

ဦးမြင့်ကြူး

အသင်းနည်းပြချုပ်

ဦးကျော်တင့်

လက်ထောက်နည်းပြ

ဦးစောဘမြင့် ၊ ဦးသက်နိုင်

အသင်းခေါင်းဆောင်

ဇော်ခါး

စံချိန်တင်ကစားသမား

-

လစာအများဆုံးကစားသမား

-

ကစားသမားအပြောင်းအရွှေ့ ကုန်ကျစရိတ်

ကျပ် (-) သိန်း

စာချုပ်ခ ကုန်ကျငွေ

ကျပ် (-) သန်း

အသင်းတည်နေရာ

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့

Main Sponsor

ယုဇနကုမ္ပဏီ

လိပ်စာ

Yuzana Construction, Shwegontine , Bahan Tsp.
Ext - 1101,1102, .
Tel - 540745-47,
Fax- 540741
Email:
Internet: www.southernmmfc.com

   
Choose Season...

MNL Grand Royal 2009 တွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားစာရင်း

Southern Myanmar Football Club

စဉ်

ကစားသမားအမည်

ကျောနံပါတ် မှတ်ချက်
1

ပြည့်ဖြိုးအောင်

No. 1  
2

ခိုင်စိုးထွန်း

No. 18  
3

ဇာနီမင်း

No. 24  
4

နိုင်လင်းဦး

No. 12  
5

ဇော်ခါး

No. 21  
6

ရန်မျိုးအောင်

No. 14  
7

ဟန်ထွန်း

No. 5  
8

အောင်ရဲထွဋ်

No. 11  
9

စံမျိုးဦး

No. 8  
10

ဝေလင်း

No. 17  
11

စိုးမြတ်သူ

No. 6  
12

ဗညာဦး

No. 7  
13

ဘီဂျိမ်းထွေး

No. 9  
14

မျိုးလှိုင်ဦး

No. 10  
15

ဇေယျာလင်း

No. 15  
16

နေလင်းထိုက်

No. 3  
17

နိုင်ဝင်း

No. 26 စွမ်းအင်
18

ဝေယံမောင်

No. 25  
19

ဥာဏ်လင်းထွန်း(၂)

No. 27  
20

ကျော်ဇင်ဝင်း

No. 28 လယ်/ဆည်
21

Bright Ehigiamusoe Igbinadolar

No. 33  
22

Jevon Kurtney Francis

No. 34 လယ်/ဆည်
23

Talom Deffo Jean Pierre

No. 36  
24

Nkurumeh Kingsley Chukwudi

No.40  
25

Auyasi Omile Obinna

No.38  
       
 
  League Table
 
 

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: