Sponsors

 

မန်မာ့ဘောလုံးကို တတ်အားသည့်ဘက်မှ ပံ့ပိုးပေးနေသော လေကြောင်းလိုင်း

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ပုဂ္ဂလိပိုင် နိုင်ငံတကာလေကြောင်းလိုင်းဖြစ်သည့် Air Bagan သည်လည်း မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကို အလျဉ်းသင့်တိုင်း ပံ့ပိုးထောက်ပံ့ပေးလျက်ရှိသည်။ Air Bagan Ltd ၏ ပိုင်ရှင် ဖြစ်သူ မှာ ဘောလုံးအားကစားကို အလွန်စိတ်ဝင်စားဝါသနာပါသူ ဖြစ်ပြီး လက်ရှိလည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ နာယက အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့အပြင် ၂၀၀၇ ခုနှစ်မှစ၍ Air Bagan FC အမည်ဖြင့် ပထမတန်းမှ အဆင့်မြင့်တန်းအထိ မြင့်မားသော အောင်မြင်မှုများရရှိခဲ့သည့် ဘောလုံးအသင်းကို တည်ထောင်ခဲ့ပြီး ယခုနှစ် မေလ (၁၅) ရက်နေ့တွင် စတင်တော့မည့် မြန်မာပရိုလိဂ်ပြိုင်ပွဲ၏ ပထမဆုံးဘောလုံးပြိုင်ပွဲဖြစ်သော MNL CUP Grand Royal 2009 ဘောလုံးပြိုင်ပွဲ တွင်လည်း ရန်ကုန်တိုင်းကိုယ်စားပြုကာ ရန်ကုန်ယူနိုက်တက်အက်ဖ်စီအမည်ဖြင့် ပရိုအသင်းတစ်သင်းကို အဆင့်မြင့် ဖွဲ့စည်းကာ ပါဝင်ယှဉ်ပြိုင်တော့မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင်လည်း Co-Sponsor တစ်ဦးအနေဖြင့် ကျပ်ငွေသိန်း (၃၀၀) ပံ့ပိုးထားပြီး လာမည့်နှစ်များတွင်လည်း မြန်မာနေရှင်နယ်လိဂ်အတွက် ဆက်လက်ပံ့ပိုးမှုများ ပြုလုပ်သွားရန် စီစဉ်ထား လျက်ရှိသည်။
 

.


KBZ BANK သဒ္ဒါထက်သန် မြန်မာ့အားမာန် ကမ္ဘောဇဘဏ်

Customer များကို အကောင်းဆုံးဝန်ဆောင်မှုများပေးနေသော မြန်မာနိုင်ငံတွင် အောင်မြင်ကြီးကျယ်မှု အရှိဆုံးဖြစ်သော နိုင်ငံတကာ အသိအမှတ်ပြု ကမ္ဘောဇဘဏ်ကြီးသည် ဖော်ပြပါဆောင်ပုဒ်နှင့်အညီ လူမှုရေးနှင့် အားကစားလုပ်ငန်းများတွင် လည်း စေတနာသဒ္ဒါတရားထက်သန်စွာ ပံ့ပိုးထောက်ပံ့မှုများပေးလျက်ရှိနေသည်ကို ဂုဏ်ယူအားကျဖွယ် တွေ့ရှိရသည်။ အထူးသဖြင့် ကမ္ဘောဇဘဏ်သည် ဘဏ်စတင်ဖွင့်လှစ်တည်ထောင်ကတည်းက မြန်မာ့ဘောလုံးတိုးတက်ဖွံ့ဖြိုးရေးကို ကြီးစွာအထောက်အကူပြုသည့် ငွေကြေးထောက်ပံ့မှုများစွာကို စဉ်ဆက်မပြတ်ပံ့ပိုးပေးခဲ့ပြီး ယခုမြန်မာနေရှင်နယ်လိဂ် တွင်လည်း အစဉ်အလာမပျက် Co-Sponsor အဖြစ် ကျပ်ငွေသိန်း (၃၀၀) ကို ပံ့ပိုးပေးထားသည်။ ဘောလုံးအားကစားကို အလွန်ချစ်မြတ်နိုးသော ကမ္ဘောဇဘဏ်ပိုင်ရှင်မှာ လက်ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နယကတစ်ဦးဖြစ်ပြီး ၂၀၀၄-၀၅ ခုနှစ်ကတည်းက ကမ္ဘောဇဘောလုံးအသင်းတည်ထောင်ကာ အဆင့်မြင့်တန်းတွင်သာမက နိုင်ငံတကာကလပ်အသင်း ပြိုင်ပွဲများတွင်ပါ ၀င်ရောက်ထိုးဖောက်ယဉ်ပြိုင်နိုင်သည်အထိ လမ်းညွှန်ပံ့ပိုးမှုများပေးခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်တွင် လည်း KBZ FC အမည်ဖြင့်ပရိုအသင်းအဖြစ် တိုးမြှင့်ဖွဲ့စည်းကာ မြင့်မားသည့် အောင်မြင်မှုများ ရရှိအောင် ပြင်ဆင်ကြိုးစားလျက်ရှိသည်။
 

.

ALPINE Purified Drinking Water မြန်မာဘောလုံးဖွံ့ဖြိုးရေးအတွက် ရေကြည်တစ်ပေါက်

ပြည်တွင်း၌သာမက ပြည်ပအထိပါ သောက်သုံးသူများ အကြိုက်တွေ့နေသော Alpine သောက်ရေသန့်သည် မြန်မာဘောလုံးအတွက် ကျရာအခန်းမှ ပါဝင်ပံ့ပိုးပေးခဲ့သည့် Brand တစ်ခုဖြစ်သည်။ ဘောလုံးသမားများ အပါအ၀င် ကစားသမားများအးတွက် အမောပြေလန်းဆန်းစေနိုင်သော ကြည်လင်အေးမြသည့်သောက်ရေသန့် Alpine သည် မြန်မာနေရှင်နယ်လိဂ်တွင်လည်း Co-Sponsor တစ်ခုအဖြစ် ဆက်လက်တာဝန်ကျေခဲ့ပြန်သည်။ ဘောလုံးကို အလွန် စိတ်ဝင်စားလာသော ဒေါက်တာစိုးဆမ်ထွန်း၏ ကုမ္ပဏီဖြစ်သည့် လွယ်ဟိန်းကုမ္ပဏီလီမိတက်မှ ထုတ်ကုန်တစ်ခု ဖြစ်သည့် Alpine သောက်ရေသန့်သည် ယင်းကုမ္ပဏီမှ တည်ထောင်ထားသည့် မန္တလေးအခြေစိုက် ရတနာပုံအက်ဖ်စီ အမည်ရ မြန်မာပရိုလိဂ်ကလပ်အသင်း၏ Main Sponsor တစ်ခုလည်းဖြစ်သည်။ မြင့်မားသည့်အောင်မြင်မှုများ ရရှိရန် ခက်ခဲ ကြမ်းတမ်းသော ဘောလုံးခရီးရှည်ကြီးကို ချီတက်ကြိုးစားနေရသည့် မြန်မာဘောလုံးအဖွဲ့ချုပ်အတွက်လည်း Alpine မှာ အမောပြေစေသော ရေကြည်တစ်ပေါက်ဖြစ်လာနိုင်သည်။
 

Max Cement မြန်မာ့ဘောလုံးအတွက် အခြေခံ အုတ်မြစ်တစ်ခု ဖြစ်လာနိုင်သည့်တွန်းအား.

မြန်မာ့ဘောလုံးကို နိုင်ငံတကာအဆင့်မီ မြင့်မားသည့် အောင်မြင်မှုများရရှိရန် အပျော်တမ်းအဆင့်မှ ပရိုလိဂ်ပုံစံ အဆင့်သို့ ကူးပြောင်းဆောင်ရွက်ချိန်တွင် အချိန်နှင့်ငွေကြေးအရင်းအနှီးများ အလုံအလောက် ရှိရန်လိုအပ်နေရာ မြန်မာ့ဘောလုံး အနာဂတ်အတွက် ကွက်လပ်တစ်ခုကို ဖြည့်ပေးနိုင်ရန် ပံ့ပိုးထားသည့် Max Cement ကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရပါမည်။ မြန်မာ့ဘောလုံးအတွက် လိုအပ်သည့်ပံ့ပိုးမှု တစ်စုံတစ်ရာကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပံ့ပိုးပေးခဲ့ သည့် Max Cement သည် မြန်မာပရိုလိဂ်ဖြစ်သော မြန်မာနေရှင်နယ်လိဂ်တွင်လည်း Co-Sponsor တစ်ဦးအဖြစ် ငွေကျပ်သိန်း (၃၀၀) ပံ့ပိုးပေးထားပြန်သည်။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ အသုံးတည့်မည့်နိုင်ငံတကာအဆင့်မီ ဘိလပ်မြေဖြစ်လာနိုင်သော Max Cement သည်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ပရိုကလပ်တစ်သင်းဖြစ်သော ဧရာဝတီတိုင်းကိုယ်စားပြု Delta United FC အတွက်လည်း Main Sponsor အဖြစ် ပံ့ပိုးပေးထားသောကြောင့် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာနိုင်သည့် တွန်းအား တစ်ခုဟု ဆိုရပေမည်။
 

 

  League Table
 
 

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: