Myanmar National League ပြောင်းလဲဖြစ်ပေါ်လာပုံ

 

မြန်မာဘောလုံးလောကကို နိုင်ငံတကာအဆင့်အတန်းမှီအောင် ၊ နိုင်ငံတကာပြိုင်ဘက်များထက် ပိုမိုကောင်းမွန်ရန် ယခင်အ ပျော်တမ်းပုံစံမှ ယခု Professional အဆင့်သို့ ကူးပြောင်းရန်မှာ အဓိက လိုအပ်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူများက သုံးသပ်မိခဲ့ကြသည်။

ထိုသို့ နိုင်ငံတကာအဆင့်သို့ တတ်လှမ်းရန် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အားကစားဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ခွင့်ပြုချက်ရယူပြီး ၂၀၀၈ခုနှစ် ဒီဇင်ဘာလမှ စ၍ Myanmar National League လုပ်ငန်းစဉ်များအား စတင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည်။ ထို့သိုဆောင်ရွက်ရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၊ အာရှဘောလုံးအဖွဲ့ချုပ် (AFF) ၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFC) တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှုး ၊ ကျွမ်းကျင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ယ ခုလက်ရှိ Professional အဆင့် ကျင့်သုံးအောင်မြင်နေသော အာရှဒေသတွင်းရှိ ဂျပန်၊ ကိုရီးယားတို့မှ အကြီးအကဲများထံတွင် ၄င်း၊ အာဆီယံဒေသတွင်း အကြီးအကဲများထံမှ၎င်း အကြံဥာဏ်များ ရယူပြီး Pro စနစ်ကူးပြောင်းရေး စည်းမျဉ်းစည်းကမ်းများ ကို ချမှတ်ရေးဆွဲခဲ့ပါသည်။

မြန်မာပရိုလိဂ်မှ မြန်မာနေရှင်နယ်လိဂ်သို့ ပြောင်းလဲသတ်မှတ်ရန်အတွက် အသင်းများကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့သို့ အသင်းများကို စတင်ဖွဲ့စည်းရာတွင် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးပြီး အတည်ပြုချက်များ ရယူခဲ့ပါသည်။

 

  League Table
 
 

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: